Tuesday, 09 February, 2010
အရှင်ဇ၀န(မေတ္တာရှင်)
ဘ၀နှင့်ရင်းရသော အတွေးအမြင်များ PDF Print

ဦးအေးမောင်ရေးသားသော ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ စာအုပ်တွင်လည်း နိုင်ငံခြားမှ မဟာယန ရဟန်းတော်တစ်ပါးသည် ထေရ၀ါဒရ ဟန်းတော်အဖြစ်ကိုခံယူပြီး မြန်မာနိုင်ငံမှ ကျောင်းတိုက်တစ်တိုက်၌ လာရောက်နေထိုင်၏။ သူ့အပေါ်ဆက်ဆံသော ကျောင်းထိုင်ဆရာတော်ကြီး၏ မေတ္တာဓာတ်နည်းပါးမှုကြောင့် စိတ်ပျက်ကာ မဟာယနသို့ ပြန်ပြောင်းသွားခဲ့ကြောင်း ဖတ်ရှုခဲ့ရ၏။

Read more...
 
ထေရုပတ္တိအကျဉ်း PDF Print

မန္တလေးတိုင်း၊ အမရပူရမြို့၊ နန်းတော်ရာ စံပြကွက်သစ် ရပ်ကွက်၌ အဖဦးထီ၊ မိခင်ဒေါ်သိန်းရင်တို့မှ ၁၃၂၆ခုနှစ်၊ တပို့တွဲလဆန်း(၁၅)ရက်၊ အင်္ဂါနေ့(၁၆-၂-၆၅) တွင်ဖွားမြင်သည်။ မွေးချင်းလေးယောက် အနက် ဒုတိယမြောက် သားရတနာဖြစ်သည်။

၁၃၃၈ ခုနှစ်တွင် မန္တလေးမြို့၊ မူလဆီးဘန်နီကျောင်းတိုက် ပညာ့ဗိမာန် သာသနာပြုကျောင်း၌ ဆရာတော် ဦးပညာသာမိကို ဥပဇ္ဈယ်ပြု၍ မယ်တော်၊ ခမည်းတော်တို့၏ ပစ္စယာနုဂ္ဂဟုဖြင့် ရှင်သာမဏေ ဘ၀သို့ရောက်ရှိ သည်။

Read more...
 
အရှုံးမရှိသောဒဿနတရားတော် PDF Print

 
ကျေးဇူးရှင်ဆရာတော် ဦးဇ၀န၏ အွန်လိုင်းစာမျက်နှာ ဓမ္မမေးဖြေလွှာများ (၄) PDF Print

တပည့်တော်ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။

တပည့်တော်သိလိုသည်မှာဝါတွင်းကာလ(၃)လလုံးတွင် အဘယ့်ကြောင့်ရဟန်းပြုခွင့်မရှိတလဲဘုရား။ မြတ်စွာဘုရားရှင်က ၀ါတွင်းကာလအတွင်း ရဟန်းမပြုရလို့ ပညတ်ချက်များ သတ်မှတ်ထားပါသလား အရှင်မြတ်ဘုရား။ အဘယ်အကြောင်း ကြောင့် ရဟန်းပြုခွင့်မရှိရတာလဲဘုရား။

တပည့်တော်ဝင်းဇော်ဦး

ရဟန်းပြုခွင့်ရှိပါသည်၊ တာမြစ်ချက်ကားချက်မတွေ့ဘူးပါ၊ ယုတ္တိမရှိသောအယူအဆရှိလျှင် ဘုရားဟောမဟုတ်တာများသည်။ သံဝေဂဖြစ်ချိန်တွင်ရ ဟန်းပြုရမည်သာဖြစ်သည်။ ရဟန်းပြုခြင်းသည် ကုလိုလ်အလုပ်ဖြစ်သောကြောင့် အချိန်၊ နေရာ၊ အရပ်ဒေသ၊ ရွေးစရာမလိုပါ။ ကုသိုလ်ပြုခါနီးပြဿဒါး၊ ရက်ရာဇာရွေးခြင်းသည် ဘုရားဟောမရှိပါ။ ဟိန္ဒူဝါဒမှ အယူအဆဖြစ်သည်။ စနေ၊ တနင်္ဂနွေ စသောဂြိုလ်များသည်လည်း ဘုရာဟောမရှိပါ။ ဟိန္ဒူဝါဒမှရောက်ခြင်းဖြစ်သည်။ ထေရ၀ါဒဗုဒ္ဓဘာသာအယူအဆအရ ကုသိုလ်ကကောင်းကျိုးပေး၍ အကုသိုလ်ကမကောင်းကျိုးပေးပါသည်။ ထို့ကြောင့် သားဦး စနေ မီးလိုမွှေသော အယူဝါဒမာ ယုတ္တိမရှိကြောင်းနားလည်ပါ။

အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ)

Read more...
 
ကျေးဇူးရှင်ဆရာတော် ဦးဇ၀န၏ အွန်လိုင်းစာမျက်နှာ ဓမ္မမေးဖြေလွှာများ(၁) PDF Print
မေးခွန်း(၁)  ဆရာတော်ဘုရား..... 

တပည့်တော်မရိုသေစွာလျှောက်ထားအပ်ပါတယ်ဘုရား။ တပည့်တော်မက တောင်ကြီးမြို့မှ ဖြစ်ပါတယ်ဘုရား။ တပည့်တော်တို့မိသားစုက အရှင်ဘုရားရဲ့စာဖတ်ပရိသတ်ပါဘုရား။ တောင်ကြီးမှာ တရားဟောမည်ဆိုတာ သိသိခြင်း တပည့်တော်မတို့ သားအမိတွေဆရာတော်ကို ဖူးရတော့မယ်ဆိုပြီး ပျော်လိုက်ကြတာဘုရား။ သားသမီး (၂) ယောက် ကလည်းသူတို့မုန့်ဖိုးစုထားတာလေးတွေနဲ့ တရား နာသွားတော့ လှူရမယ်ဆိုပြီးပျော်နေကြတာ တပည့်တော်မ ကြည်နူးမိပါတယ်။ အရှင်ဘုရားရေးသား ထားသောစာအုပ်များကို တပည့်တော်နဲ့ တပည့်တော်သားသမီးများလည်း ဖတ်ပါတယ်ဘုရား။

Read more...
 
<< Start < Prev 1 2 3 Next > End >>

Page 1 of 3
Copyright © 2005 - 2010 အရှင်ဇ၀န(မေတ္တာရှင်). Hosting အလှူရှင် အဖြူရောင်သံစဉ် နှင့် အမောင်(ရေနံ့သာ)မှ ဓမ္မဒါနပြုပါသည်။