|
ထေရုပတ္တိအကျဉ်း |
|
|
|
မန္တလေးတိုင်း၊ အမရပူရမြို့၊ နန်းတော်ရာ စံပြကွက်သစ် ရပ်ကွက်၌ အဖဦးထီ၊ မိခင်ဒေါ်သိန်းရင်တို့မှ ၁၃၂၆ခုနှစ်၊ တပို့တွဲလဆန်း(၁၅)ရက်၊ အင်္ဂါနေ့(၁၆-၂-၆၅) တွင်ဖွားမြင်သည်။ မွေးချင်းလေးယောက် အနက် ဒုတိယမြောက် သားရတနာဖြစ်သည်။
၁၃၃၈ ခုနှစ်တွင် မန္တလေးမြို့၊ မူလဆီးဘန်နီကျောင်းတိုက် ပညာ့ဗိမာန် သာသနာပြုကျောင်း၌ ဆရာတော် ဦးပညာသာမိကို ဥပဇ္ဈယ်ပြု၍ မယ်တော်၊ ခမည်းတော်တို့၏ ပစ္စယာနုဂ္ဂဟုဖြင့် ရှင်သာမဏေ ဘ၀သို့ရောက်ရှိ သည်။ |
|
Read more...
|
|
|
ကျေးဇူးရှင်ဆရာတော် ဦးဇ၀န၏ အွန်လိုင်းစာမျက်နှာ ဓမ္မမေးဖြေလွှာများ (၄) |
|
|
|
တပည့်တော်ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။
တပည့်တော်သိလိုသည်မှာဝါတွင်းကာလ(၃)လလုံးတွင် အဘယ့်ကြောင့်ရဟန်းပြုခွင့်မရှိတလဲဘုရား။ မြတ်စွာဘုရားရှင်က ၀ါတွင်းကာလအတွင်း ရဟန်းမပြုရလို့ ပညတ်ချက်များ သတ်မှတ်ထားပါသလား အရှင်မြတ်ဘုရား။ အဘယ်အကြောင်း ကြောင့် ရဟန်းပြုခွင့်မရှိရတာလဲဘုရား။ တပည့်တော်ဝင်းဇော်ဦး ရဟန်းပြုခွင့်ရှိပါသည်၊ တာမြစ်ချက်ကားချက်မတွေ့ဘူးပါ၊ ယုတ္တိမရှိသောအယူအဆရှိလျှင် ဘုရားဟောမဟုတ်တာများသည်။ သံဝေဂဖြစ်ချိန်တွင်ရ ဟန်းပြုရမည်သာဖြစ်သည်။ ရဟန်းပြုခြင်းသည် ကုလိုလ်အလုပ်ဖြစ်သောကြောင့် အချိန်၊ နေရာ၊ အရပ်ဒေသ၊ ရွေးစရာမလိုပါ။ ကုသိုလ်ပြုခါနီးပြဿဒါး၊ ရက်ရာဇာရွေးခြင်းသည် ဘုရားဟောမရှိပါ။ ဟိန္ဒူဝါဒမှ အယူအဆဖြစ်သည်။ စနေ၊ တနင်္ဂနွေ စသောဂြိုလ်များသည်လည်း ဘုရာဟောမရှိပါ။ ဟိန္ဒူဝါဒမှရောက်ခြင်းဖြစ်သည်။ ထေရ၀ါဒဗုဒ္ဓဘာသာအယူအဆအရ ကုသိုလ်ကကောင်းကျိုးပေး၍ အကုသိုလ်ကမကောင်းကျိုးပေးပါသည်။ ထို့ကြောင့် သားဦး စနေ မီးလိုမွှေသော အယူဝါဒမာ ယုတ္တိမရှိကြောင်းနားလည်ပါ။ အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ) |
|
Read more...
|
|
ကျေးဇူးရှင်ဆရာတော် ဦးဇ၀န၏ အွန်လိုင်းစာမျက်နှာ ဓမ္မမေးဖြေလွှာများ(၁) |
|
|
မေးခွန်း(၁) ဆရာတော်ဘုရား.....
တပည့်တော်မရိုသေစွာလျှောက်ထားအပ်ပါတယ်ဘုရား။ တပည့်တော်မက တောင်ကြီးမြို့မှ ဖြစ်ပါတယ်ဘုရား။ တပည့်တော်တို့မိသားစုက အရှင်ဘုရားရဲ့စာဖတ်ပရိသတ်ပါဘုရား။ တောင်ကြီးမှာ တရားဟောမည်ဆိုတာ သိသိခြင်း တပည့်တော်မတို့ သားအမိတွေဆရာတော်ကို ဖူးရတော့မယ်ဆိုပြီး ပျော်လိုက်ကြတာဘုရား။ သားသမီး (၂) ယောက် ကလည်းသူတို့မုန့်ဖိုးစုထားတာလေးတွေနဲ့ တရား နာသွားတော့ လှူရမယ်ဆိုပြီးပျော်နေကြတာ တပည့်တော်မ ကြည်နူးမိပါတယ်။ အရှင်ဘုရားရေးသား ထားသောစာအုပ်များကို တပည့်တော်နဲ့ တပည့်တော်သားသမီးများလည်း ဖတ်ပါတယ်ဘုရား။ |
|
Read more...
|
|
|
ကျေးဇူးရှင်ဆရာတော် ဦးဇ၀န၏ အွန်လိုင်းစာမျက်နှာ ဓမ္မမေးဖြေလွှာများ(၃) |
|
|
|
မသဉ္ဇာလင်းရဲ့ မေးခွန်းများကို ပြန်လည်ဖြေကြားလိုက်ပါတယ်။ ဆရာတော်၏ တရားများကို နာကြားပြီး စာပေများကို ဖတ်ရှုဖြစ်သည်ဟု သိရသောကြောင့် လွန်စွာဝမ်းမြောက်ပါတယ်။ လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ(၅+၆) ထွက်နေပါပြီ။ မကြာခင်မှာ ဖတ်ရူရပါလိမ့်မည်။
မေးခွန်း(၁) ရုပ်နာမ်ကို ငါးပုံပုံရင် ခန္ဓာငါးပါးဖြစ်ပြီး ထိုခန္ဓာငါးပါး၏ အဓိပ္ပါယ်နှင့် ထိုခန္ဓာငါးပါး၏ ဖြစ်ရခြင်း အကြောင်းကိုလည်း သိရသည့်အပြင် နောက်ထပ် နာမရူပပရိစ္ဆေဒဥာဏ်နှင့် ပစ္စယပရိဂ္ဂဟဥာဏ်ကိုပါသိရင် စူဠသောတာပန်ဖြစ်တယ်လို့ ဆရာတော် ဟောကြားခဲ့ပါတယ်။ ဤသို့ဖြစ်လျှင် ရုပ်နာမ်ကို ရှု့ပွားသူများ၊ ရုပ်နာမ်ကို တစ်ဆယ့်နှစ်ပုံပုံပြီး အာယတနကို ရှု့ပွားသူများ၊ ရုပ်နာမ်ကို လေးပုံပုံပြီး သစ္စာလေးပါးကို ရှု့ပွားသူများ၊ ပဋိစ္စသမုပ္ပါဒ်ဖြင့် ရှု့ပွားသူများသည်လည်း လိုအပ်ပါသလား။ ထိုသို့လိုအပ်လျှင် မည်သို့သိဖို့ လိုအပ်ပါသနည်း။ |
|
Read more...
|
|
ကျေးဇူးရှင်ဆရာတော် ဦးဇ၀န၏ အွန်လိုင်းစာမျက်နှာ ဓမ္မမေးဖြေလွှာများ (၂) |
|
|
မေးခွန်း(၂) ဆရာတော်ဘုရား.. ဘုရားတပည့်တော်ရိုသေစွာလျှောက်ထားပါသည်ဘုရား။
သာသနာတော် ပြန့်ပွားရေးအတွက် ဟောပြောစည်းရုံးကြရာတွင် အချို့က ဗုဒ္ဓဘာသာပီပီ သူများကို မပြောဘဲ ကိုယ့်ဘာသာကိုသာ ကောင်းအောင်လုပ်မည်၊ ထေရဝါဒဗုဒ္ဓဘာသာသည် အခြားဘာသာ များကို ပုတ်ခတ်၍ သာသနာပြန့်ပွားအောင် မလုပ်၊ မစည်းရုံး၊ ထိုသို့စည်းရုံးရန်မလို စသည်ဖြင့် ပြောဆိုကြပါသည်ဘုရား။ တပည့်တော်သိလိုသည်မှာ မြတ်စွာဘုရားက ထိုကဲ့သို့ ကျင့်ကြံရမည်ဟု ဟောကြားဆုံးမထားတော် မူပါသလားဘုရား။ (တပည့်တော်မည်သည့်ဘာသာကိုမျှ ပုတ်ခတ်ခြင်းကို လက်မခံပါဘုရား။) |
|
Read more...
|
|
|
|
|
<< Start < Prev 1 2 3 Next > End >>
|